“The Elect of God” in Myanmar Language
By E.G. White
“သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည်သင်တို့၌ရှိပါစေသော။——ဤကမ္ဘာမတည်မရှိမှီ ငါတို့ကိုခရစ်တော်၌ ရွေးကောက်တော်မူသည််နှင့်အညီ၊ ကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အားပေးသနား တော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည်မင်္ဂလာရှိစေတော်မူစေသတည်း။ ထိုုဘုရား သခင်သည် ချစ်တော််မူသော သားတော်ကြောင့် ငါတို့အားပေးတော်မူသောကျေးဇူးတော်၏ ဘုန်းအသရေ ကိုချီးမွမ်းစေခြင်းငှါ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကိုရမည်အကြောင်း၊ အလိုတော်ရှိသောစေတနာအတိုင်း ရှေးမဆွကခွဲခန့်မှတ်သားတော်မူ၏။ ခပ်သိမ်းသောသတိပညာတော်နှင့်လျော်စွာငါတို့၌အတိုင်းထက်အလွန်များ လှစွာသောကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏ အသွေးတော်အားဖြင့် အပြစ်လွတ် တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကိုငါတို့သည် ခံရကြ၏။ ဘုရားသခင်သည် နှလုံးသွင်း တော်မူသောစေတနာစိတ်နှင့်လျော်သော အလိုတော်၏နက်နဲသော အရာကို ငါတို့အားပြတော်မူ၏။ ထိုနက်နဲသော အရာဟူမူကား၊ ကာလအချိန်စေ့စုံခြင်း၏သာသနာတွင် ကောင်းကင်ပေါ်၊မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို ပေါင်း၍ ခရစ်တော်၌ချုပ်ခြာစေတော်မူလိမ့်သတည်း။မိမိစေတနာ၏ အလိုတော်သို့လိုက်၍ အလုံးစုံတို့ကိုစီရင်ပြုပြင်တော် မူတတ်သောသူ၏ ကြံစည်ခြင်းရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်၏ အမွေခံဖြစ်ကြ၏။” ဧဖက် ၁း၂၊၄-၁၁။
ကောင်းကင်စည်းဝေးပွဲကြီးတွင်ကြိုတင်စီမံကိန်းတစ်ခုကို ရေးဆွဲခဲ့ပါသည်။ ထိုကြိုတင်စီမံကိန်းမှာ လူသည် မှားယွင်းလွန်ကျူးသူတစ်ဦးဖြစ်လင့်ကစား၊ ထိုသူသည် မိမိ၏ ထိုသူသည် ခရစ်တော်အား မိမိ၏ကိုယ်စား အစားထိုးခံပုဂ္ဂိုလ်အဖြစ်သော်၎င်း၊ အာမခံပုဂ္ဂိုလ်တစ်ဦးအဖြစ်သော်၎င်း၊ လက်ခံယုံကြည်လိုက်ခြင်းဖြင့်၊သူသည် ဘုရားသခင်ရွေးချယ်တော်မူသောသူတစ်ဦးဖြစ်လာနိုင်မည်ဖြစ်ပြီး၊ ခရစ်တော်၏အလိုတော်ရှိသည်အတိုင်း၊ထိုခရစ်တော်၏အမွေခံတစ်ဦးအဖြစ် ကြိုတင်သတ်မှတ်တော်မူခြင်းကို ခံရမည်ဖြစ်သည်။ လူသားအားလုံး ကယ်တင်ခြင်းခံစားရန်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်တော်မူပြီး၊ မိမိ၏တစ်ပါးတည်းသောသားတော်ကို လူသားအား ရွေးနှုတ်ရန်အဖိုးအခအဖြစ် ပေးသနားတော်မူခြင်းဖြင့်၊ လောက၏ကယ်တင်ခြင်းအတွက် လုံလောက်သောပြင်ဆင်မှုကို သူ ပြုလုပ်တော်မူပြီးဖြစ်သည်။ ခရစ်တော်အားဖြင့် ဘုရားသခင်၏သားအရာ၊ အမွေခံဖြစ်ခြင်း အမှုကိုလက်ခံသော သူရှိသမျှတို့သည် ပျက်စီးခြင်းသို့ မရောက်ရပေ။ လူများစွာတို့သည် ကယ်တင်ခြင်းဆိုင်ရာ ပြင်ဆင်ထားတော်မူသော အရာများကို လက်ခံရယူခြင်းမှ မိမိကိုယ်ကိုဆီးတားနှောင့်ယှက်တော်မူသည့်အနေဖြင့်၊ မိမိ၌မာန်မာနစိတ်သဘော ကိုမဆီးတားကြပေ။ ယေရှုခရစ်၏နာမတော်၌ယုံကြည်ခြင်းအားဖြင့် ပေးသနားထားတော်မူသော ထိုသခင်၏ ကျေးဇူး တော်ကိုရရှိပိုင်ဆိုင်ရန်အတွက်လည်း ထိုသူတို့သည် အလိုရှိမည်မဟုတ်ပေ။သို့ရာတွင် လူသား၏ ကောင်းမှုကုသိုလ် များသည် ထိုသူအားဘုရားသခင်၏ရှေ့တော်မှောက်တွင် နှစ်သက်ဖွယ်ရာမဖြစ်စေနိုင်ပေ။ထိုသူတို့သည် မိမိတို့၏ လုပ်ဆောင်မှုများအပေါ်မည်သည့်နည်းနှင့်မျှ မှီခိုအားထား၍မရနိုင်ပါ။အဘယ်ကြောင့်ဆိုသော်ထိုသူတို့သည် ခရစ်တော်မပါရှိပဲ၊ကောင်းသောအမှုတစ်စုံတစ်ခုကိုမျှ မပြုလုပ်နိုင်သောကြောင့်ဖြစ်သည်။စိတ်ဝိညာဉ် စင်ကြယ် သန့်ရှင်းခြင်း နှင့်သမ္မာတရားအား ယုံကြည််ခြင်းရှိရန်အဖို့အလိုငှါ ခရစ်တော်အားဖြင့် အရွေးခံရသောသူတို့သည် ရွေးချယ်ခြင်း ခံရသူများပင်ဖြစ်သည်။သို့ရာတွင် ဖန်ဆင်းထားတော်မူသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ဒုက္ခဆင်းရဲခြင်း ကို ခံစားရန် ဘုရားသခင်အလိုတော်မရှိပေ။မည်သူတစ်ဦးတစ်ယောက်မျှပျက်စီးခြင်းသို့မရောက်ပဲ၊အလုံးစုံတို့သည် နောင်တရကာ၊ သမ္မာတရားတော်ကို ၀န်ခံသောသူများဖြစ်လာရန်မှာ ဘုရားသခင်၏အလိုတော်ပင်ဖြစ်သည်။ လူသားအားလုံးကိုဖိတ်ခေါ်လေသည်မှာ “၀န်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။” “အိုရေငတ်သောသူအပေါင်းတို့ ရေရှိရာသို့လာကြလော့၊ ငွေမရှိသောသူတို့လာကြ။ ၀ယ်၍ စားသောက်ကြလော့။ငွေမပါပဲ အဘိုးကိုမပေးပဲလာ၍ စပျစ်ရည်နှင့်နို့ကို၀ယ်ကြလော့။” “၀ိညာဉ်တော်နှင့်မင်္ဂလာဆောင် သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း၊ လာခဲ့ပါဟုဆိုစေ။ ရေငတ်သောသူသည်လာပါစေ။အလို ရှိသောသူသည် အဘိုးကိုမပေးပဲ အသက်ရေကိုယူပါစေ။” ခရစ်တော်အနေဖြင့်ဆက်လက်၍ ပြောဆိုခဲ့လေသည်မှာ “ငါ့ထံသို့လာကြလေ့ာ။ ငါထံသို့လာသောသူကို ငါသည်အလျှင်းမပါယ်” မသဲ ၁၁း၂၈။ ဟေရှာယ ၅၅း၁။ ယောဟန် ၆း၃၇။
ခရစ်တော်၏နှလုံးသား သည် ကျရှုံးနေသော လူသားအပေါ် သနားကြင်နာမှုများဖြင့် ခိုင်မြဲစွာ ရစ်ပတ် တုတ်နှောင်ထားလျက်ရှိသည်။ဤလောက၌ သက်တော်ထင်ရှားစဉ်တွင်၊ သူ၏တစ်ခုတည်းသော သာသနာလုပ်ငန်းမှာ အပြစ်သားများကို ကယ်တင်ရန်ဖြစ်သည်။ သူ၌အပြစ်တရားကိုုလေးနက်သောရွံရှာမုန်းတီးမှုမျိုးရှိနေသော်လည်း၊အပြစ် သားအား သူ၏အသိမ်မွေ့ဆုံးသောသနားကြင်နာမှုုကိုပေါ်လွင်ထင်ရှားစေခဲ့ပါသည်။ နောင်တရသောအပြစ်သားသည် မိမိ၏အပြစ်၊မိမိ၏မထိုက်တန်မှုတို့ကို သိရှိသောစိတ်ဖြင့် ခရစ်တော်ထံသို့လာကာ၊ မိမိသည် ပြစ်ဒဏ်နှင့်ထိုက်တန်နေပါ သည်ဟုနားလည်သဘောပေါက်လာပြီး ထိုသူသည် ခရစ်တော်၏မေတ္တာနှင့်ဂရုဏာတော်အပေါ် မှီခိုလာသောအခါတွင် သူ့အား ခွင့်လွတ်ခြင်းနှင့်ပြည့်ဝသော ဘုရားသခင်၏မေတ္တာကိုဖော်ပြပေးတော်မူပါလိမ့်မည်။ထို့နောက် မိမိကယ်တင် ရှင်၏ သနားခြင်းဂရုဏာတော်နှင့်မေတ္တာတော်အတွက်၊သူ၏နှလုံးသားထဲမှ ၀မ်းမြောက်ဖွယ်ရာ ကျေးဇူးတင် ချီးမွမ်းစရာများ ပေါ်ထွက်လာမည်ဖြစ်သည်။ကမ္ဘာကြီးအားအုတ်မြစ်မချမှီကတည်းက ကောင်းကင်နိုင်ငံရှိ စည်းဝေးပွဲ များတွင် ထိုလူသားအတွက်ကြိုတင်စီမံကိန်းကိုရေးဆွဲထားခဲ့ပြီးဖြစ်သည်။ထိုစီမံကိန်းမှာ၊ခရစ်တော်သည် ထိုအပြစ်ကျူးလွန်သူ၏ အပြစ်ဒဏ်ကို မိမိ၌ယူတင်တော်မူပြီး ထိုသူအားဖြောင့်မတ်ခြင်းတရားကို ပေးစွမ်းကာ သူ့အား အံ့သြဖွယ်ရာနှင့်လွမ်းမိုးစေမည်ဖြစ်သည်။ ထိုအခါ၌ ထိုသူ၏နှုတ်ခမ်းများ၌ ကျေးဇူးတင်သီချင်းများ၊ဘုရားသခင်ကို ကိုးကွယ်သည့်သီချင်းများ ပေါ်ထွက်လာမည်ဖြစ်သည်။
ဘုရားသခင်၏ဘုန်းတန်ခိုးကြီးသောဂရုဏာတော်အားဖြင့်၊ခရစ်တော်၏ ဆွဲယူတော်မူခြင်းကို တုန့်ပြန်မှုပြုကြသော၊လက်ခံကြသောသူတို့သည် ဘုရားသခင်၏နာခံမှုရှိသောသားသမီးများအဖြစ် ကယ်တင်ခြင်း ခံစားရန်ရွေးချယ်တော်မူခြင်း ခံရသောသူများပင်ဖြစ်သည်။ထိုသူတို့၌ ဘုရားသခင်၏ အခမဲ့သောကျေးဇူးတော်နှင့် ကျွန်ုပ်တို့အားချစ်တော်မူသည့် ထိုသခင်၏ကြီးမားသောမေတ္တာတော်သည် ပေါ်လွင်ထင်ရှားလျက်ရှိပါသည်။လူများအလယ်တွင် အသက်ရှင်နေထိုင်လျက်ရှိကြသော သူ၏ရွေးချယ်ထားသောသူများအပေါ်တွင် ခမည်းတော် သည်မိမိ၏မေတ္တာတော်ကို ထားရှိတော်မူပါသည်။အဘယ်ကြောင့်ဆိုသော် ခရစ်တော်ကိုယ်တိုင် မိမိ၏ အဖိုးထိုက်သော အသွေးတော်အားဖြင့်သူတို့အတွက် ရွေးနှုတ်ဝယ်ယူပေးထားသောကယ်တင်ခြင်းကိုသူတို့သည် လက်ခံတော်မူ သောကြောင့်ဖြစ်သည်။မိမိကိုယ်မိမိကလေး ငယ်တစ်ဦးကဲ့သို့နှိမ့်ချမည့် မည်သူမဆို၊ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကလေးငယ်တစ်ဦး၏ရိုးသားမှုအားဖြင့် လက်ခံကာ၊နာခံလိုက်လျှောက်ကြမည့် မည်သူမဆိုဘုရားသခင်၏ရွေးချယ် တော်မူခြင်းထဲတွင်ပါ၀င်ခံစားထိုက်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုနှင့်သခင်ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် ယုံ ကြည်ခြင်းတရားကိုလေ့ကျင့်ပျိုးထောင်ပေးကာ ကယ်တင်ခြင်းကိုခံစားကြမည့်ဘုရားသခင်၏ ရွေးချယ်တော်မူခြင်းကို ခံကြရသောသူများဖြစ်သည်ဟု ကျွန်ုပ်တို့သည်ယုံကြည်နေရမည်။ ကျွန်ုပ်တို့နှင့်မထိုက်တန်သောဘုရားသခင့် ကျေးဇူး ပြုတော်မူခြင်းအမှု၏ အံ့သြဖွယ်ရာကောင်းသော ပေါ်လွင်ထင်ရှားမှုအတွက်လည်း ကျွန်ုပ်တို့သည်ဘုရားသခင်အား ချီးမွမ်းကာ၊ ချီးမြှောက်နေရမည်ဖြစ်သည်။ အသက်ဝိညာဉ်ကို ခရစ်တော်ထံသို့ဆွဲယူပေးတော်မူပြီး၊ထိုအသက်ဝိညာဉ်ကို ကျေးဇူးတော်အားဖြင့် လက်ခံစေတော်မူသောအရာကား ဘုရားသခင်၏ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ခရစ်တော်သည် လည်းထိုအသက်ဝိညာဉ်ကိုသူ၏ခမည်းတော်ထံတော်သိုု့ ပို့ဆောင်ပေးတော်မူသည်။သန့်ရှင်းသောဝိညာဉ်တော်၏လုပ် ဆောင်မှုအားဖြင့်၊ဘုရားသခင်နှင့်လူသားကြားတွင် တည်ရှိနေသောဝိညာဉ်ရေးဆိုင်ရာ ဆက်သွယ်မှုသည်လည်း အသစ်တဖန်ပြုပြင်ခြင်းခံရပါသည်။ ကျွန်ုပ်တို့၏ ကောင်းကင် ဖခမည်းတော်ပြောလေသည်မှာ”ငါသည်သူတို့၏ ဘုရားဖြစ်လိမ့်မည်။သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်သူတို့အား မေတ္တာတော်နှင့်တကွ ခွင့်လွတ်ခြင်း အမှုကုပြုတော်မူပြီး၊ ၀မ်းမြောက်ခြင်းတရားကိုသူတို့တွင် သိုထားတော်မူမည်။သူတို့သည် ငါ၏သီးသန့်ရွေးချယ်တော် မူသော ဘဏ္ဍာများဖြစ်လိမ့်မည်။အဘယ်ကြောင့်နည်းဟူမူကား၊ ဤလူမျိုးသည်ငါ၏ဂုဏ်ကျေးဇူးကို ထင်ရှားစေရန်အလို့ ငှါငါအဘို့ရွေးချယ်ထားတော်မူသောလူမျိုးဖြစ်၏။”
ခရစ်တော်သည် အသက်ဝိညာဉ်များကို မိမိအထံတော်သို့လာရန် ငါအဘို့ရွေးချယ်ထားတော် မူလျက်ရှိသည်။ ထိုခေါ်တော်မူခြင်းသည် ကျွန်ုပ်တို့၏ယခုလက်ရှိဘဝအတွက်ပါမက ထာဝရကာလတိုင် ကျွန်ုပ်တို့ အတွက်စိတ်ဝင်စားဖွယ်ရာခေါ်တော်မူခြင်းဖြစ်ပြီး၊ ထိုခေါ်တော်မူသံကို ကျွန်ုပ်တို့အနေဖြင့်နားစွင့်ကာ ပြန်လည် ဖြေကြားရမည်ဖြစ်သည်။ခရစ်တော်ပြောလေသည်မှာ “သင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်၊ငါသည် သင်တို့ကိုရွေးကောက်တော်မူသည်။ “ယောဟန် ၁၅း၁၆။ ထို့နောက် ဘုရားသခင်၏သားသမီးများဟု ခေါ်တော်မူခြင်း ခံရမည့်သူများအားလုံးသည် ခရစ်တော်၏ ဖိတ်ခေါ်တော်မူခြင်းကိုပြန်လည်တုန့်ဖြေကြားကြပါလေစေ၊ သူတို့ အပေါ်သို့ကောင်းကင်မှအလင်းထွန်းလင်းကျရောက်လာနိုင်မည့်နေရာတွင်လည်း သူတို့အနေဖြင့် မိမိကိုယ်ကို ထားရှိကြပါလေစေ။ထိုသို့သောနေရာတွင် ခရစ်တော်၏တရားစကားတော်များကိုနာကြားပြီး၊ထိုတရားအတိုင်း ကျင့်သောသူများသည် အဘယ်သို့သောသူများဖြစ်သည်ကို သူတို့အနေဖြင့် နားလည်သဘောပေါက်လာပါလိမ့် မည်။
လူသားများ၏ကယ်တင်ခြင်းအတွက်ဆောင်ရွက်ပေးနိုင်သော အပိုင်းဟူသမျှကို ဘုရားသခင်က ဆောင်ရွက်ပြီး မြောက်စေတော်မူပြီးဖြစ်သည်။ကြွယ်ဝတော်မူသော ဆုလက်ဆောင်တစ်ခုအားဖြင့်၊ ကောင်းကင်ရှိဘဏ္ဍာဥစ္စာများကို ဘုရားသခင်သွန်းလောင်းပေးတော်မူခဲ့ပြီးဖြစ်သည်။ သူသည်ဖိတ်ခေါ်လျက်ရှိသည်။ ကျွန်ုပ်တို့အားသွေးဆောင်လျက် ရှိနေသည်။ တိုက်တွန်းလျက်ရှိနေသည်။သို့သော် လူသား လာရောက်ကြရန်အတွက်သူသည် အတင်းအကျပ်ခိုင်းစေတော်မူ လိမ့်မည်မဟုတ်ချေးဘုရားသခင်သည် လူသားတို့၏ပူးပေါင်းလုပ်ြဆောင်ခြင်းကို စောင့်မျှော်လျက်ရှိနေသည်။ကမ္ဘာကြီး ၏တိုက်မြစ်စတင်တည်ထောင်တော်မူသည့် အချိန်ကတည်းက လူသားအတွကသိုမှီးထားတော်မူသောသူ့ဂရုဏာတော် ၏ကြွယ်ဝခြင်းများကို အပြစ်သားအားပေးကမ်းနိုင်ရန်အလို့ငှါ ထိုအပြစ်သား၏ခွင့်ပြုချက်ကို ဘုရားသခင်က စောင့်စား နေတော်မူသည်။လူတစ်ဦးတစ်ယောက်သည် မိမိ၌ ၀ိညာဉ်တော်ကိန်းအောင်းနိုင်ရန်အတွက် မိမိကိုယ်ကို ဆောက်တည် ခြင်း မပြု၊မိမိ၏လူသား၏ဆန္ဒကိုလည်းဘုရား၏အလိုတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက၊ထိုသူအတွက် မည်သည့်အရာကိုမျှဘုရားသခင်မပြုလုပ်ပေးနိုင်။ဘုရားသခင်သည် ကြီးမြတ်သောသခင်၊လုပ်ဆောင်သူဖြစ်နေသော်ငြား ဆောင်ရွက်ရမည့်အပိုင်းလည်းရှိနေသည်။ဤသို့ဆောင်ရွက်ခြင်းမရှိပါက ကောင်းကင်ဆိုင်ရာတည်ဆောက်ခြင်းလုပ်ငန သည်လည်းပြီးစီးနိုင်မည်မဟုတ်ပေ။ အလုံးစုံသောတန်ခိုးခွန်အားတို့သည် ဘုရားသခင်၏တန်ခိုးခွန်အားများသာဖြစ်ပြီး၊ အလုံးစုံသောလုပ်ဆောင်ရမည့်တာဝန်များမှာမူ လူသားများ၌သာ တည်နေလျက်ရှိသည်။ထို့ကြောင့် လူသားများ၏ ပူး ပေါင်းလုပ်ဆောင်မှုမပါမရှိပဲ၊မည်သည့်အရာကိုမျှ ဘုရားသခင်မလုပ်ဆောင်ပေးနိုင်ပေ။လူသားများ၏ အစွမ်းခွန်အားများ ပျက်စီးဆုတ်ယုတ်သွားရန် ဘုရားသခင်ရည်ရွယ်တော်မမူပေ။သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်းခြင်းအားဖြင့် လူသား သည်သူ၏လက်တော်၌ပိုမိုပြီးအစွမ်းသတ္တိခွန်အားများဖွံ့ဖြိုးလာရန်သာ ဘုရားသခင်ရည်ရွယ်တော်မူသည်။ အားနည်း သော၊ မှားယွင်းသော၊အပြစ်များသော၊မစုံလင်သော လူသားဖြစ်နေသော်လည်း၊သူနှင့်အတူ ပူးပေါင်းလုပ်ကိုင်ဆောင် ရွက်ရသောအထူးအခွင့်အရေးကိုဘုရားသည် ထိုလူသားအားလက်ကမ်းပေးတော်မူလျက်ရှိသည်။
ခရစ်တော်ကိုမိမိ၏ ကယ်တင်ရှင်အဖြစ်ယုံကြည်ပြီး၊ထိုခရစ်တော်၏ ဖြောင့်မတ်ခြင်းတရားတော်ကို ယုံကြည် ခြင်းအားဖြင့်လက်ခံရရှိသောအခါ၊အပြစ်သားသည် ဘုရားပကတိ(သဘော)ကို ဆက်ဆံသောသူ (ဘုရား၏စာရိတ္တတော် အတိုင်းကျင့်ကြံပြုမူသောသူ) တစ်ဦးဖြစ်လာပြီး၊တက်မက်ခြင်းများနှင့် ကင်းလွတ်သောသူတစ်ဦးဖြစ်လာပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ကိန်းဝပ်တော်မူခြင်းအားဖြင့်သာလျှင်၊ ခရစ်ယာန်သည် စုံစမ်းနှောင့်ယှက်ခြင်းများကို ရင် ဆိုင်တွန်းလှန်နိုင်ပြီး ဖြောင့်မတ်ခြင်းတရားကိုဆောင်ရွက်ရန်တတ်နိုင်တော်မူပါသည်။ ဘုရား၏ပကတိ၊ဘုရားသခင့် ၀ိညာဉ်တော်၏အုပ်စိုးမှုမပါမရှိပဲ လူသည်မိမိကယ်တင်ခြင်းအတွက် မလုပ်ဆောင်နိုင်ပေ။အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်၏ကောင်းမြတ်တော်မူသောအလိုတော်ကိုလိုလားတောင့်တပြီး၊ အလိုတော်အတိုင်းလုပ် ဆောင်ရန်အတွက်ဘုရားသခင်သည် ထိုလူသားအထဲ၌ အလုပ်လုပ်ရသောကြောင့်ဖြစ်သည်။ ခရစ်တော်ပြောလေသည် မှာ “သင်တို့သည် ငါနှင့်ကွာလျှင် ဘယ်အမှုကိုမျှမတတ်နိုင်။” ယောဟန် ၁၅း၅။
ကျရှုံးနေသောလူသားအမျိုးအနွယ်သည်ဘုရားသခင်နှင့်ဂုဏ်ရည်ခြင်းတူညီသော ခရစ်တော်၏ ကောင်းမှု ကုသိုလ်တစ်ခုတည်းအားဖြင့်သာလျှင မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်သည်။မြင့်မားစွာချီးမြှောက်ခြင်း ခံခဲ့ရသော်လည်း၊ ခရစ်တော်သည်လူသားကိုယ်စား လုပ်ကိုင်ဆောင်ရွက်ပေးနိုင်ရန်နှင့်၊ သစ္စာမစောင့်ထိန်းသော မိမိ၏ကျွန်ကို ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်စေနိုင်ရန်အတွက် ခရစ်တော်သည်လူသားဇာတိမိုမိမိအပေါ်သို့ ယူတင် ၀တ်ဆောင်ရန် သဘောတူညီခဲ့ပါသည်။ ခရစ်တော်သည်လူသားဇာတိကိုမိမိအပေါ်သို့ယူတင်ဝတ်ဆောင်ရန် သဘော တူညီခဲ့ပါသည်။ခရစ်တော်သည် ကျွန်ုပ်တို့၏ကိုယ်စားခံပုဂ္ဂိုလ်အဖြစ်သော်၎င်း၊ အာမခံပုဂ္ဂိုလ်အဖြစ်သော်၎င်း ခရစ်တော် သည်ကျွန်ုပ်တို့ကိုယ်စား လောကီမှောင်မိုက်၏ အာဏာစက်တို့နှင့် စစ်ပြိုင်ရန်သဘောတူဆုံးဖြတ်ခဲ့သည်။ ထို့ပြင်မက သူသည် ကျွနု်ပ်တို့စိတ်ဝိညာဉ်များ၏ရန်သူကိုလည်းတိုက်ခိုက််အနိုင်ယူကာ၊ ကျွန်ုပ်တို့အား ကယ်တင်ခြင်းခွက်ဖလား ကိုချီးမြင့်ပေးတော်မူသည်။ အသက်ရှင်သောသတ္တဝါအပေါင်း၏ မင်းကြီး၊ကိုယ်တော်သည် အစော်ကားခံခြင်း၊လောင် ပြောင်ကဲ့ရဲ့ခံခြင်း၊နာကြင်ခြင်းနှင့်သေခြင်းတို့ကို ခံယူရန်သဘောတူညီခဲ့သည်။ ကရာနီကုန်းရှိကားတိုင်တော်ထက်တွင် ပျောက်ဆုံးနေသောကမ္ဘာလေးတစ်ခုအတွက် ကယ်တင်ခြင်းအဖိုးအခကိုသူပေးသနားတော်မူခဲ့ပြီးဖြစ်သည်။ ထိုကမ္ဘာ သည် သူချစ်တော်မူသောကမ္ဘာဖြစ်ပြီး၊သိုးခြံထဲသို့ သူပြန်လည်ပြီးယူဆောင်လာတော့မူမည့်ပျောက်ဆုံးနေသောသိုးက လေးတစ်ကောင်လည်းဖြစ်သည်။ ကရာနီကုန်းထက်က ကားတိုင်တော်သည်အပြစ်သားအတွက် ဘုရားသခင်၏ အံ့သြ ဖွယ်ချစ်မေတ္တာတော်အကြောင်းကိုကြားပြောလျက်ရှိနေသည်။ ဘုရားသခင်သည်အပြစ်သားအားအဆုံးမဲ့သောတန်ဖိုးရှိ သည့်အရာတစ်ခုအဖြစ် တန်ဖိုးထားတော်မူပြီး၊သူ၏တစ်ပါးတည်းသော သားတော်(သူ့အားယုံကြည်သူအပေါင်းတို့ သည်ပျက်စီးခြင်းသို့မရောက်ပဲထာဝရအသက်ကိုရမည်) ကိုလူသားအား ပေးသနားတော်မူခဲ့သည်။ အကယ်၍ ဘုရားသ ခင်၏မေတ္တာတော်သည်လူသား၏ နှလုံးသားမှသူ့အား တုန့်ပြန်ဖြေကြားမှုရှိနိုင်ရန် ခေါ်ယူတော်မူခြင်းမပြုပါက၊ အကယ်၍ ထိုဘုရားသခင်၏မေတ္တာသည် လူ့စိတ်ဝိညာဉ်ကိုငြင်သာနူးညံ့စေခြင်းနှင့် အနိုင်အထက်သွေးဆောင်ခြင်းမပြု ပါက၊ကျွန်ုပ်တို့လူသားများသည် လုံးဝပျောက်ဆုံးနေရကြတော့မည်ဖြစ်သည်။အပြစ်သားကို လွမ်းမိုးချုပ်ကိုင်နိုင်သော တန်ခိုးစွမ်းအားဟူသည်မရှိပေ။ ကျွန်ုပ်တို့အနေနှင့်လက်ခံရယူနိုင်ရန်အတွက် ကောင်းကင်ထက်မှအကြွယ်ဝဆုံးသော သောလက်ဆောင်ကြီး(ခရစ်တော်)ကိုအခမဲ့ ကျွန်ုပ်တို့အား ပေးထားတော်မူပြီးဖြစ်သည်။ ကရာနီကုန်းထက်က ဖော်ပြ တော်မူခဲ့သော ဘုရားသခင်၏မေတ္တာတော်သည် အပေါ်လွင်အထင်ရှားဆုံးဖြစ်သည်။အကယ်၍ ခရစ်တော်၏ချစ်မေတ္တာ သည်နှလုံးသားထဲ၌ ပျော်ဝင်ခြင်းမရှိ၊နှလုံးသားကိုအနိုင်အထက်မသွေးဆောင်ပါက လူသည် အဘယ်မှာနေရာကျနိုင် မည်နည်း။ဘုရားသခင့်ဝိညာဉ်တော်၏ ခေါ်တော်မူသံကိုပြန်လည်ထူးရန်၊တုန့်ပြန်ဖြေကြားရန် သင်ပျက်ကွက်ဖူးပါသ လား။သို့ဖြစ်လျှင်ယခုသင်၏နှလုံးသားကို မာကျောခက်ထန်သောအခြေအနေ၌ မထားရှိပါတော့နှင့်။ကောင်းကင်ထက်မှ အကောင်းဆုံးလက်ဆောင်၊ခရစ်တော်ကိုလက်ခံရန် သင်၏နှလုံးသားတံခါးကိုဖွင့်ထားပါ။ကောင်းကင်မှ စေလွတ်တော်မူ သောဧည့်သည်ကြီးကို ငြင်းပယ်ရန်ရက်စက်သော မယုံကြည်ခြင်းများအားသင့်ကိုလွမ်းမိုးအုပ်စိုးခွင့်မပြုပါနှင့်။”သင်တို့ သည်အသက်ကိုရအောင် ငါထံသို့လာခြင်းငှါ အလိုမရှိကြ။”ယောဟန် ၅း၄၀။ ဟူသောစကားဖြင့် သင့်အားခရစ်တော် မပြောမိပါစေနှင့်။ ချစ်မေတ္တာများနှင့်တကွ အပြစ်သားအားဘုရားသခင်အနူးအညွတ်တောင်းပန်ပြောဆိုနေလေသည်မှာ “လမ်းဆိုးမှလွဲကြလော့။လွဲကြလော့။အဘယ်ကြောင့်အသေခံလိုကြသနည်း။” ယေဇယျေလ ၃၃း၁၁။
လောက၏ကယ်တင်ရှင်သည် ပျောက်ဆုံးနေသောထိုလောက၏ အပြစ်နှင့်ညီမျှသော နာကျင်မှုများကို သူခံစား ခဲ့ပြီးဖြစ်သည်။ ကရာနီကုန်းရှိ ကားတိုင်တော်ထက် သခင်ခရစ်တော်၏ အသေခံတော်မူခြင်းသည်၊ပညတ်တရားတော်၏ တောင်းဆိုချက်များကိုဖြည့်ဆည်းပေးခဲ့ချေပြီ။ အပြစ်နှင့်ပက်သက်သောအတွေးသည် နှလုံးသားအားအနိုင်အထက်ပြု လာသောအခါမျိုးနှင့် အပြစ်ဝန်ထုပ်ဝန်ပိုးများလည်းမခံမရပ်နိုင်အောင် ဖိစီးလာသောအခါ၊ခရစ်တော်သည်သူ့အား ကြည့်ပြီးအသက်ရှင်ရန် အပြစ်သားကိုခေါ်ဖိတ်တော်မူသည်။အသက်ဝိညာဉ်ကို ဆေးကြောသန့်စင်စေနိုင်သော တန်ခိုး သည်ခရစ်တော်၌သာရှိသည်။ “ထာဝရဘုရားမိန့်တော်မူသည်ကား၊လာကြ။တရားစီရင်ကြကုန်အံ့။သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း၊မိုးပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကတ္တီပါနှင့်အမျှ နီသော်လည်း၊သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။” ဟေရှာယ ၁း၁၈။ အသက်တည်းဟူသော ဆုလက်ဆောင်ကိုလူသားတို့အား ဘုရားသခင်သည်ကျေးဇူးတော်အားဖြင့် ၀မ်းမြောက်စွာနှင့် အဖိုးအခကိုမယူပဲ ပေးသနားထားတော်မူပြီးဖြစ်သည်။ ဘုရားသခင်၏ပလ္လင်တော်ကိုလွမ်းမိုးထား သောအရာမှာ သူ၏ကတိတော်ပင်ဖြစ်သည်။ထိုကတိတော်မှာ မိမိ၏ကိုယ်ပိုင်ဖြောင့်မတ်ခြင်းတရား၌ အခြေပြုထားသော ထာဝရအသက်ဆိုင်ရာ မျှော်လင့်ချက်များကိုစွန့်ပါယ်ပြီး၊လောကကယ်တင်ရှင်၏ ဖြောင့်မတ်ခြင်းတရားကို လက်ခံကာ၊ ခရစ်တော်ကိုမိမိကယ်တင်ရှင်အဖြစ် ယုံကြည်သောအပြစ်သားတိုင်းကိုဘုရားသခင်သည် လက်ခံတော်မူမည်ဟူသော ကတိတော်ပင်ဖြစ်သည်။ အပြစ်သားသည်မိမိ၌မျှော်လင့်ချက််မရှိ၊ပျောက်ဆုံးနေပြီး၊ထာဝရသေခြင်း၌တရားစီရင်ခြင်းခံရ မည်၊မိမိကိုယ်မိမိကယ်တင်နိုင်ရန်လည်းမည်သည့်နည်းနှင့်မျှ မတတ်စွမ်းနိုင်ပါ၊ စသည်အားဖြင့် မိမိကိုယ်ကိုယ် နားလည် သဘောပေါက်လာသောအခါတွင် သူ့အနေနှင့်ခရစ်တော်ကိုမိမိ၏ကယ်တင်ရှင်အဖြစ်လုံးလုံးလျားလျားလက်ခံမည်ဆို လျှင် သူ့အတွက်ထားတော်မူသောဘုရားသခင်၏နှုတ်ထွက်ကတိတော်တို့ကို ဘုရားသခင်သည်ဖြည့်စွက်တော်မူမည်။ ထိုကတိတော်မှာ “ငါသည်သူတို့အပြစ်များကိုသည်းခံတော်မူမည်။သူတို့ပြစ်မှားခြင်း၊လွန်ကျူးခြင်းများကိုမအောက်မေ့ ဘဲနေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။” ဟေဗြဲ ၈း၁၂။
ကျေးဇူးတော်ပဋိညာဏ်တရားတော်၌ ကတိပြုထားတော်မူသော ပေးတော်မူမည့်ထာဝရအသက်သည်ဧဒင် ဥယျာဉ်ထဲ၌ လူသားများအားဘုရားသခင်ပေးတော်မူခဲ့သောထာဝရအသက်နှင့်လုံးဝတူညီနေပါသည်။ ယုံကြည်ခြင်းရှိ သောအပြစ်သားသည် သူ၏အစားထိုးခံပုဂ္ဂိုလ်၊အာမခံပုဂ္ဂိုလ်(ခရစ်တော်) အားဖြင့်ဘုရားသခင်၏ပညတ်တော်ကို နာခံလိုက်လျှောက်ခြင်းရှိလာပါလိမ့်မည်။လူသားအားပေးသနားထားတော်မူသောဂရုဏာတော်သည်၊ ကျွန်ုပ်တို့အား အလုံးစုံသောဒုစရိုက်အပြစ်များမှကယ်တင်ရန်နှင့် “ကျွန်ုပ်တို့သည် သူ့အဘို့စင်ကြယ်သော၊ကောင်းသောဘက်၌ စိတ်အားကြီးသောပုဂ္ဂိုလ်များဖြစ်လာစေရန်အလို့ငှါ မိမိကိုယ်ကိုကျွန်ုပ်တို့အားပေးတော်မူသော သခင်ခရစ်တော်” ၏ ကောင်းမြတ်ခြင်းလက်ဆောင်တစ်ခုပင်ဖြစ်သည်။တိတု ၂း၁၄။
ခရစ်တော်၏ဖြောင့်မတ်ခြင်းတရားအားဖြင့် လူသားတို့အတွက်ပြင််ဆင်ပေးထားသော ကယ်တင်ခြင်းဆိုင်ရာအစီအစဉ်သည် ကောင်းသောအလုပ်များကို မပါယ် ဖျက်လိုက်ပေ။ထိုကယ်တင်ခြင်းသည်ကျွန်ုပ်တို့အားမိမိလုပ်ဆောင်ရမည့်တာဝန်ဖြစ်သည့် ပညတ်တော်စောင့်ထိန်းခြင်း အမှုအရာထဲမှလည်း မလွတ်ထွက်သွားစေပါ(သို့) ထိုပညတ်တော်၏သန့်ရှင်းသော အသေးငယ်ဆုံးတောင်းဆိုချက် တို့ကိုပင် ယုတ်လျော့မသွားစေပါ။ပညတ်တော်ကို ချီးမြှောက်ရန်နှင့် ထိုပညတ်တော်၏ အတိုင်းထက်အလွန် ကျယ်ပြော နက်ရှိုင်းမှုနှင့်၎င်း၏ ပြောင်းလဲခြင်းမရှိသော ဂုဏ်အသရေတော်ကို ထင်ရှားပေါ်လွင်စေရန် ခရစ်တော်ကြွဆင်းလာခဲ့ပါ သည်။ကျေးဇူးတော်ဆိုင်ရာ သတင်းစကား၏ ဘုန်းအသရေသည်ခရစ်တော်ဖြောင့်မတ်ခြင်းတရားတော်ပင် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ကိန်းဝပ်တော်မူခြင်းကြောင့်ပညတ်တော်ကို နာခံလိုက်လျှောက်ခြင်းအားဖြင့် ထိုဖြောင့်မတ်ခြင်းတရားတော်သည် ကယ်တင်တော်မူရာလမ်းတစ်ခုကို ပြင်ဆင်ပေးတော်မူပါသည်။
ခရစ်တော်သည် ငါတို့မျှော်လင့်ခြင်း၏ မူလအရင်းအမြစ်ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် ထိုခရစ်တော် တစ်ပါးတည်းအားဖြင့်သာလျှင် ကျွန်ုပ်တို့သည် ထာဝရအသက်ကိုအမွေခံမည့်သူများဖြစ်လာနိုင်သည်။ မသေမပျောက် နိုင်သောအမွေကို ကျွန်ုပ်တို့အားအသေအချာပေးတော်မူပြီးဖြစ်သည်။ ကျွန်ုပ်တို့၌ အပြစ်တင်ခြင်းအခွင့်နှင့် ကင်းလွတ် သောနာမည်ကောင်းတစ်ခုခုမရှိထားဘူးဆိုလျှင်၊ ဤလောက၌ ရာထူးအခွင့်အာဏာတစ်ခုခုကိုအမွေခံရန်၊ ရရှိရန် မဖြစ် နိုင်ပေ။ဤနည်းအတိုင်းပင်၊ အနာဂါတ်ကမ္ဘာတွင် အမွေခံကြမည့်ကျွန်ုပ်တို့သည်လည်း အပြစ်တင်ခြင်းအခွင့်နှင့် ကင်းလွတ်ရမည်။ အာဗြဟံအားပြုတော်မူသည့် ပဋိညာဉ်၏ အနာဂါတ်စီမံကိန်းကြီးထဲတွင် ကျွန်ုပ်တို့သည်ပါရှိနေရမည် ဖြစ်သည်။ထိုစီမံကိန်းအရဆိုလျှင် “ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍ ဂတိတော်အတိုင်း အမွေ ခံ၏အရာ၌ တည်ကြ၏။” ဂလာတိ ၃း၂၉။ အကယ်၍ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်စပ််ဆိုင်ခြငးသောသူများဖြစ်လျှင်၊ ကောင်းကင်အမွေခံကြမည့်ကျွန်ုပ်တို့၏ အမည်များသည် အပြစ်အနာအဆာမရှိ၊အပြစ်တင်ခြင်း အခွင့်နှင့်ကင်းလွတ်နေ မည်ဖြစ်သည်။ထိုအမည်များသည်လည်းကျေးဇူတော်ပဋိညာဉ်၏ပြင်ဆင်ထားမှုများနှင့်တထပ်တည်း၊ တညီတညွတ် တည်း ဖြစ်နေမည်ဖြစ်သည်။ ကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူ ခြင်းကိုအခိုင်အမာ ၊အမှန်အကန်ရယူနိုင်မည်ဖြစ်ပြီး၊ ၀ိညာဉ်စိတ်သဘောအရသော်၎င်း၊အကျင့်စာရိတ္တအရသော်၎င်း ခရစ်တော်နှင့်တူလာမည်။ခရစ်တော်၏ ကောင်းမြတ်ခြင်းကို ယူတင်ဝတ်ဆောင်လာနိုင်မည်။ မသန့်ရှင်းသော၊ မစင် ကြယ်သော၊ မြင့်မြတ်ခြင်းမရှိသောမည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ ကောင်းကင်အမွေကိုခံစားရမည့်စာရင်းထဲတွင် နာမည်ရေးထားခြင်းခံရမည်မဟုတ်ပေ။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့၏ သခင်ယေရှုခရစ်တော်၏ထာဝရနိုင်ငံတော်ထဲသို့ ၀င် ရောက်နိုင်မည့်ဂိတ်ပေါက်တစ်ခုခုကို ကျွန်ုပ်တို့အား ဘုရားသခင်က ဖွင့်ပြပေးသနားတော်မူရာအလို့ငှါ ကျွန်ုပ်တို့အနေဖြင့် မိမိရရှိထားသော ဘုရားသခင်၏ ခေါ်တော်မူခြင်းနှင့် ရွေးကောက်တော်မူခြင်းကို အခိုင်အမာတည် တံ့ခိုင်မြဲနေစေရန်အတွက် ကြိုးစားအားထုတ်ကြပါစို့။
0 Comments